ပထမဆုံးကျောင်းသားသီးသန့် ကြိုပို့ယာဉ်များကို ပြေးဆွဲရန် Father
Land ဆောက်လုပ်ရေးကုမ္ပဏီ မှ စီစဉ်လျှက်ရှိကြောင်း Father Land ကုမ္ပဏီ၏ သတင်းပြန်ကြား ရေးအဖြစ်ဆောင်ရွက်နေသူ ဦးမိုး ကြိုးကပြောသည်။
“ဒီကြိုပို့ယာဉ်တွေကို ကျောင်း သားတွေအတွက် သီးသန့်ပြေးဆွဲ သွားမှာပါ။
ကျောင်းသားတွေအ ဆင်ပြေစွာနဲ့ ကျောင်းသွားနိုင်ဖို့အ တွက်
ရည်ရွယ်ပြီးစီစဉ်တာပါ။ အ ခြားလုပ်ငန်းတွေအတွက် အသုံးပြု မှာမဟုတ်ပါဘူး”ဟု
အဆိုပါပုဂ္ဂိုလ် မှ ထပ်လောင်းပြောသည်။
အဆိုပါကျောင်းကြိုပို့ယာဉ် များကို ပြေးဆွဲခြင်းကို ၂၀၁၃-၂၀၁၄
ပညာသင်နှစ်တွင် ကျယ်ပြန့် စွာလုပ်ဆောင်သွားမည်ဖြစ်ပြီး ဂျပန်၊
ကိုရီးယားနိုင်ငံများမှ အဆင့်မြင့် မီ နီဘတ်စ်အစီး ၅၀ တင်သွင်းပြေးဆွဲ
သွားမည်ဖြစ်ကြောင်း၊ ကျောင်းကြို ပို့ယာဉ်လုပ်ငန်းစတင်ရန် ၇၅ ရာခိုင်
နှုန်းအထိပြီးစီးနေပြီဖြစ်ကြောင်း၊ စည်ပင်သာယာနယ်နိမိတ်ပြင်ပရှိ
တက်္ကသိုလ်ကျောင်းသို့ ကနဦးပြေး ဆွဲရန်စီစဉ်ထားကြောင်း၊ ကျောင်း
ကြိုပို့ယာဉ်များကို အနည်းဆုံး ၃ လ ငှားရမ်းရမည်ဖြစ်ပြီး ယာဉ်စီးခများ ကို
တစ်လခြင်းစီခွဲပေးနိုင်ကြောင်း၊ ဈေးနှုန်းကိုအခြားသော ကြိုပို့ယာဉ်
များနည်းတူ ကောက်ယူသွားမည် ဖြစ်ပြီး ၀န်ဆောင်မှုကို အဓိကထား ၍
ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယင်းကရှင်းပြသည်။
ကျောင်းသားများသိရှိနိုင်ရန် ပန်းဖလက်များဖြင့် ကြော်ငြာခြင်း၊
ကျောင်းများသို့သွားရောက်အသိပေး ကြော်ငြာခြင်းများပြုလုပ်သွားမည်
ဖြစ်ကြောင်း၊ မူကြိုမူလတန်းမှစ၍ တက်္ကသိုလ်ကောလိပ်များအထိ ကြို
ပို့ယာဉ်များစီစဉ်ပေးသွားမည်ဖြစ် ကြောင်း၊ အတွေ့အကြုံရှိသော
ကျွမ်းကျင်ယာဉ်မောင်းများ၊ မော် တော်ယာဉ်ထိန်းသိမ်းရေးဝန်ထမ်း များအပြင်
ဝန်ဆောင်မှုပေးရန် မော် တော်ယာဉ်မောင်မယ်များအထိ စိ စစ်၍
ခန့်အပ်သွားမည်ဖြစ်ကြောင်း သိရသည်။
“အခြားကြိုပို့ယာဉ်တွေကို ဈေးကွက်လုတာမဟုတ်ပါဘူး။ ကြို
ပို့ယာဉ်ငှားရမ်းဖို့ အခက်အခဲရှိတဲ့ ကျောင်းသားတွေအဆင်ပြေအောင်
အားဖြည့်တဲ့သဘောမျိုးနဲ့စီစဉ်ခဲ့တာ ပါ”ဟု ဦးမိုးကြိုးကပြောသည်။
တက္ကသိုလ်ကျောင်းများတွင် ကျောင်းကြိုပို့ယာဉ်ပြေးဆွဲလျှက်ရှိ သော်လည်း
ကျောင်းကြိုပို့ချိန်မ ဟုတ်သည့် ပြင်ပအချိန်များတွင် အ
ခြားသောစီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခြင်းတို့ကြောင့် ကျောင်းချိန်
နောက်ကျခြင်း၊ အိမ်ပြန်ချိန်နောက် ကျခြင်းစသည့် ပြဿနာများ တက်္က
သိုလ်ကျောင်းများတွင် အဓိကကြုံ တွေ့နေရသည်။
သန့်စင်ဦး
No comments:
Post a Comment