သြဂုတ် ၅
ပညာသင်ယူခြင်း၊အလုပ်လုပ်ကိုင်ခြင်း စသည့်ကိစ္စရပ် အမျိုးမျိုးဖြင့်
သွားရောက်နေထိုင်သူ များမှာ အဆိုပါနိုင်ငံတွင် အိမ်ခြံမြေ ပိုင်ဆိုင်မှုကို
စိတ်ဝင်စားလာကြပြီးစင်ကာပူနိုင်ငံမှ အေဂျင်စီကဲ့သို့အ
ဖွဲ့အစည်းများလာရောက်၍ ကြော် ငြာရောင်းချမှုများပြားလာသော် လည်း
လက်ရှိဥပဒေအရ နိုင်ငံရပ် ခြားတွင် မရွှေ့ပြောင်းနိုင်သော
ပစ္စည်းများဝယ်ယူခြင်းမှာ တရားမ ၀င်ကြောင်း ဥပဒေနှင့်ငြိစွန်းကြောင်း
ပြည်သူ့လွှတ်တော်ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ် ရေးကော်တီဝင်
ဦးသန်းမောင်(စစ်တွေ)ကပြောကြားသည်။
“မြန်မာနိုင်ငံကိုလာပြီး စင်ကာ ပူမှာ အိမ်ဝယ်လို့ရတယ်လို့လာပြီး
ဆွယ်ကြတယ်။ဥပဒေတွေရှိပါတယ်။ မရွှေ့ပြောင်းနိုင်သော ပစ္စည်းလွှဲ
ပြောင်းခြင်းကို ကန့်သတ်သည့်ဥပဒေ ၁၉၈၇ Transfer of Immoveable Property
(Restriction) Law အရဆို အားလုံးဟာ ငြိစွန်းပါ တယ်။ ပြည်ပမှာ
အိမ်မြေပိုင်ဝယ်ခွင့် မရှိဘူး””ဟု ယင်းက သြဂုတ် ၄ ရက် တွင် ရန်ကုန်မြို့
UMFCCI ၌ပြော ကြားသည်။
သို့သော် အဆိုပါဝယ်ယူမှုနှင့် ပတ်သက်၍ ယခုလတ်တလော လွှတ်တော်အတွင်း၌လည်း
ဝယ်နိုင် သောကြောင့် စင်ကာပူအိမ်ခြံမြေ များ ၀ယ်ယူခြင်းမှာ
ထိခိုက်မှုမရှိနိုင် ဟု အယူအဆ၊ သဘောထားများ ပြောင်းလဲလာကြောင်း၊ နားလည်မှု
ဖြင့် လုပ်ကိုင်ခွင့်ပြုသည်များလည်း ရှိကြောင်း၊ ဥပဒေအမြင်ဖြင့်ပြောပါ။
ဆန့်ကျင်နေကြောင်း၊ ထိုကဲ့သို့ အ ခြေအနေကြောင့် ဥပဒေကိုပြင်ဆင် ခြင်း
သို့မဟုတ် လုပ်ပိုင်ခွင့်ဘယ်လို ပေးမလဲ စဉ်းစားသင့်ကြောင်း ဦး
သန်းမောင်(စစ်တွေ)ကပြောကြား သည်။
“ကျွန်တော်တို့နိုင်ငံမှာက ဘာ မှမဖြစ်ရင် ဘာမှမဖြစ်ဘူး။ ဖြစ်ပြီ
ဟေ့ဆိုရင် ဘယ်သူမှမကယ်နိုင်ဘူး။ ၀ယ်ခွင့်ပေးမှာဖြစ်မယ်ဆိုရင် ဥပဒေ
ကိုပြောင်းပါ။ ယနေ့ သြဂုတ် ၅ ရက် အထိတော့ ဥပဒေအရတရားမ၀င် ပါဘူး။
ကြော်ငြာခွင့်လည်းမရှိဘူး။ ရောင်းချခွင့်လည်းမရှိဘူး”ဟု ယင်း
ကအတိအလင်းဆိုသည်။
ထို့ပြင် အဆိုပါပုဂ္ဂိုလ်က လက် ရှိတွင် မြန်မာနိုင်ငံအနေဖြင့် ပြင်
ဆင်ရေးဆွဲရမည့်ဥပဒေများစွာရှိ ကြောင်း၊ အချို့ဥပဒေများမှာလွတ်လပ်ရေးမရခင်ကတည်းက ရေးဆွဲထားပြီး ယခုအထိအသုံးပြုနေရဆဲ ဖြစ်ကြောင်း၊
၂၀၁၂ ဧပြီအထိ လက်ကျန်ရေးဆွဲရန် ဥပဒေ ၈၃၄ ခုအထိရှိကြောင်း၊ ခေတ်စနစ်နှင့်အ
ညီ ဖြည်းဖြည်းချင်းပြင်ဆင်ရေးဆွဲ ခြင်းမရှိသောကြောင့် ယခုဒီမိုကရေ
စီခေတ်တွင် ပြင်ဆင်ရန် အများအ ပားရှိနေခြင်းဖြစ်ကြောင်း၊ ဥပဒေ အားလုံးမှာ
ဆက်စပ်နေ၍ ပင်မဥပ ဒေတစ်ခုပြဋ္ဌာန်းရုံနှင့်မလုံလောက်ပဲ
အားလုံးပြဋ္ဌာန်းပြီးမှသာ အဆင်ပြေ နိုင်ကြောင်းပြောကြားသည်။
ပြည်တွင်း၌လာရောက်ရင်းနှီး မြှုပ်နှံမှုနှင့်ပတ်သက်၍ သုံးမျိုးရှိ
ကြောင်း စက်မှုထုတ်ကုန်လုပ်ငန်း၊ ၀န်ဆောင်မှုလုပ်ငန်းနှင့်ကူးသန်းရောင်းဝယ်မှုလုပ်ငန်းများဖြစ်ပြီးကူးသန်းရောင်းဝယ်မှုလုပ်ငန်းမှာ နိုင်ငံ
ခြားကုမ္ပဏီများကို လုံးဝလုပ်ကိုင်ခွင့် မပေးကြောင်း အချို့ကုမ္ပဏီများမှ
မြန် မာတိုင်းရင်းသားနာမည်ခံ၍ နောက် ကွယ်ကလုပ်နေသည်များရှိနေပြီး၊ သိရှိပါက
တိုင်းရင်းသားရော နိုင်ငံ ခြားသားပါ နာမည်ပျက်စာရင်းသွင်း ၍
ကုမ္ပဏီကိုသိမ်းကြောင်း၊ စက်မှု ထုတ်ကုန်လုပ်ငန်းများ နိုင်ငံခြားလုပ်
ကိုင်မည်ဆိုပါက MIC ၏ခွင့်ပြုချက် ရယူရမည်ဖြစ်ပြီး လုပ်ငန်းသေးသေး၊
ကြီးကြီး ရှောင်လွှဲ၍မရကြောင်း ၀န် ဆောင်မှုလုပ်ငန်းမှာ သက်ဆိုင်ရာဥ ပဒေအရ
ကန့်သတ်ထားပါကဥပ ဒေအတိုင်းခွင့်ပြုချက်ရယူရမည် ဖြစ်ကြောင်း
ဦးသန်းမောင်(စစ်တွေ) ကပြောကြားသည်။

No comments:
Post a Comment