ပဲခူးတိုင်းဒေသကြီး၊ တောင်ငူ ခရိုင်၊ အုတ်တွင်းမြို့နယ်၊ ဗောဓိကုန်း ကျေးရွာရှိ ဧက ၁၂၀ ကွင်း၌ ယမန်နှစ် အောက်တိုဘာလတွင် အုတ်တွင်းသကြားစက် စက်ရုံစီမံ ကိန်းဟု အသိပေးကာကြံစိုက်ဧက ၂၀ ကျော်အား သိမ်းယူသွားမှုတွင် ယခုတိုင်အောင် နစ်နာကြေးမရရုံမျှ မက အဆိုပါကြံစိုက်ဧက ပုဂ္ဂလိက သို့ လက်လွှဲရောင်းချထားသည့်အ တွက် ကြံစိုက်တောင်သူများမှ နိုင်ငံ တော်သမ္မတကြီးထံ ဇွန် ၂၂ ရက်က အသနားခံစာပေးပို့ခဲ့ကြောင်း၊ နစ် နာသူ တောင်သူတချို့မှပြောကြား သည်။
အဆိုပါကြံစိုက်ခင်းများကို ယ ခင်အုတ်တွင်းသကြားစက် စက်ရုံမှူး လက်ထက်တွင် ဒေသခံတောင်သူ များကို ခုတ်ထွင်ရှင်းလင်း၍ လုပ် ကိုင်ဆောင်ရွက်ခွင့်ချထားပေးခဲ့ခြင်း ပြီး ထွက်ရှိသောကြံများကို စက်ရုံသို့ တာဝန်ကျေရောင်းချပေးသွင်းခဲ့သည် မှာ ၃ နှစ်ကျော်ပြီဖြစ်ကြောင်းသိရ သည်။
ထိုသို့ လုပ်ကိုင်စားသောက် ၍ စီးပွားရေးအထိုက်အလျောက် ပြေလည်ခဲ့သော်လည်း ယမန်နှစ် အောက်တိုဘာလပထမပတ်အတွင်း ၌ စက်ရုံကြံသူကြီးဖြစ်သူကိုစိန်ထွန်း နှင့် ရပ်ကျေးအဖွဲ့ဝင်များမှ အဆိုပါ ကြံစိုက်ဧက ၂၀ ကျော်ကို စက်ရုံစီ မံကိန်းအတွက် သိမ်းယူလိုက်ပြီဖြစ် ကြောင်း နှုတ်ဖြင့်အသိပေးအ ကြောင်းကြားခဲ့ကြောင်းသိရသည်။ ယင်းကဲ့သို့ တရားဝင်စာနှင့်သိမ်းယူ ခြင်းမဟုတ်သော်လည်း နစ်နာသူ တောင်သူများမှ စက်ရုံစီမံကိန်းဖြစ် ခြင်းကြောင့် ကန့်ကွက်မှုမရှိခဲ့ ကြောင်းသိရသည်။ သို့သော် ယခု အခါ အဆိုပါစိုက်ခင်းဧကများအား အုတ်တွင်းမြို့ပေါ်ရှိ စီးပွားရေးလုပ် ငန်းရှင်တစ်ဦးထံသို့ လက်လွှဲရောင်း ချထားကြောင်း သိရှိရသည့်အတွက် နစ်နာသူတောင်သူများမှ စက်ရုံစီမံ ကိန်းဆိုပါက မည်သို့မျှ ကန့်ကွက် မည်မဟုတ်ဘဲ စက်ရုံစီမံကိန်းမလုပ် ဖြစ်ပါက အဆိုပါစိုက်ပျိုးမြေများကို ပြန်လည်ရယူလုပ်ကိုင်ခွင့်ရရှိလို ကြောင်း နိုင်ငံတော်သမ်္မတကြီးထံ အသနားခံစာတင်ပြခဲ့သည့်ဟု ကြံ စိုက်ဧက ၇ ဧကခန့်ဆုံးရှုံးနစ်နာသူ ရှမ်းစုကျေးရွာ ဦးတင်ဦး(ခ)ကိုပုလဲ မှ မြန်မာပို့စ်ဂျာနယ်သို့ပြောကြား သည်။
“စီမံကိန်းမြေဆိုပေမယ့် သ ကြားစက်လည်ပတ်ဖို့ တိုးထားတဲ့ မြေတွေဖြစ်တယ်။ နောက်ပြီး တောင်ငူသူကကြံသီးနှံတစ်မျိုးတည်း ပဲစိုက်တာဆိုတော့ ဒီမြေတွေဟာ မ သိမ်းသင်ပါဘူး။ အခြားသီးနှံစိုက်ရင် တော့ မပြောလိုဘူး။ နောက်ပြီး သူ တို့က ထွက်တဲ့ကြံကို စက်ရုံကိုသွင်း နေကြတာပဲ သိမ်းတဲ့ထဲမှာ ပင် ထောင်ကြံတွေပါသွားတာကတော့ ဆိုးပါတယ်။ နောက်ပြီး စီမံကိန်းအ ကြောင်းပြပေမယ့် လက်ရှိလုပ်ကိုင် နေတဲ့ တောင်သူတွေဆီကနေ တ ခြားပုဂ္ဂလိကကို လက်လွှဲရောင်းစား တာမှန်ရင်တော့ မဖြစ်သင့်ပါဘူး”ဟု လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်း ၀န်ကြီးဌာနလက်အောက်နေ မြန်မာ့ ကြံဝန်ထမ်းတစ်ဦးမှသုံးသပ်ပြော ကြားသည်။
“အရင်စက်ရုံမှူး ဗိုလ်မှူးတင့် ဆွေလက်ထက်က ပြောခဲ့တာက ခင်းသစ်ကနေပြီး လမိုင်း၊ ပြီးတော့ လမတ်အထိ ထားခွင့်ရှိတယ်။ ဒါပေ မဲ့ ကျွန်တော်တို့ကြံတောင်သူက လ မတ်အထိမထားဘူး။ ခင်းသစ်စိုက် တယ်။ ခင်းသစ်စိုက်ပြီးလမိုင်းတောင် စက်ရုံကိုတင်ပို့တယ်။ နောက်ရက် ကျတော့ ခင်းသစ်စိုက်ဖို့ပေါင်းသွား ရှင်းတာကတော့ဆိုးပါတယ်။ နောက်ရက်ကျတော့ ခင်းသစ်စိုက် ဖို့ပေါင်းသွားရှင်းတယ်။ ပေါင်းသွား ရှင်းတဲ့အချိန်မှာ ကြံသူကြီးက မင်း တို့အတွက်တွေသိမ်းသွားပြီလို့ပြော တယ်။ အရင်စက်ရုံမှူးက ခင်ဗျားတို့ မသေမချင်းလုပ်စား ခင်ဗျားတို့မ လုပ်နိုင်တော့ဘူးဆိုမှ ကျွန်တော်တို့ ပြန်ယူမယ်ဆိုပြီးပြောခဲ့တာ။ခုတော့ သူများတွေစိုက်တာကို ကြည့်ပြီးစိတ် မကောင်းဘူး””ဟု ရှမ်းစုကျေးရွာနေ ကိုတင်မောင်ကြည်မှ ပြောကြား သည်။
ယင်းကိစ္စနှင့်ပတ်သက်၍အုတ် တွင်းသကြားစက် စက်ရုံမှူး၊ ဗိုလ် မှူးကျော်ငြိမ်းအား မြန်မာပို့စ်ဂျာ နယ်မှ ဇွန်လ ၂၄ ရက်နေ့ ညနေ ၃ နာရီခွခန့်တွင် စုံစမ်းမေးမြန်းရာ ““စက်ရုံက ရောင်းစားထားတာမြေ ၁ လက်မမှမရှိဘူး။ ပြီးတော့ အခုစက် ရုံက အရင်မြန်မာ့စီးပွားရေးကော်ပို ရေးရှင်း (MEC) က လွှဲယူထားတာ သူတို့ထံက ယူတဲ့အချိန်မှာ ယခင် မြေရိုင်းဖော်ထားတဲ့ဧကအတိုင်းပဲ လက်ခံယူခဲ့တာပါ။ ကျွန်တော်တို့ လက်ထက်မှာအသစ်ဖော်တဲ့မြေမရှိ ဘူး။ တောင်သူပိုင်မြေတွေကို စက် ရုံအနေနဲ့ ဘာတစ်ခုမှယူပြီးရောင်း တာမရှိဘူး။ တောင်သူပိုင်မြေတင်မ ကဘူး။ မြေလွတ်မြေရိုင်းရောဘာ ရော ကျွန်တော်တို့လက်ထက်မှာ တိုးပွားတာမရှိပါဘူး””ဟု ပြန်လည် ဖြေကြားပေးခဲ့သည်။
တောင်ငူခရိုင်အတွင်း မြေယာ သိမ်းယူမှုပြဿနာများ မကြာခဏ ပြန်လည်ပေါ်ပေါက်မှုများရှိနေပြီး ယခင်အစိုးရလက်ထက်တွင် မြေ ယာဥပဒေအားနည်းခဲ့သည်ကိုအ ကြောင်းပြု၍ ပုဂ္ဂလိလုပ်ငန်းရှင်များ နှင့် အဖွဲ့အစည်းများ စီးပွားရိုက်၍ အခွင့်အရေးယူခဲ့ခြင်းများဖြစ်ကြောင်း နှင့်လက်ရှိအစိုးရလက်ထက် လယ် ယာမြေသိမ်းယူရာတွင် အနည်းဆုံး လိုအပ်သောပမာဏကိုသာ သိမ်း ယူရမည်ဟုဖော်ပြပါရှိပြီး သတ်မှတ် ကာလအတွင်း စီမံကိန်းများဆောင် ရွက်ခြင်းမပြုတော့ပါက မူလလယ် ယာမြေလုပ်ပိုင်ခွင့်ရရှိထားသော ပု ဂ်္ဂိုလ်အဖွဲ့အစည်းများထံသို့ ပြန် လည်ပေးအပ်ရမည်ဟု ပြဋ္ဌာန်းပါရှိ ကြောင်း လယ်ယာမြေဥပဒေလ့လာ စောင့်ကြည့်သူတစ်ဦးမှ မြန်မာပို့ဂျာ နယ်သို့ ပြောကြားသည်။
ဇေယျာကို(တောင်ငူ)

No comments:
Post a Comment